
Sir. Yan Naing Bo Facebook Page
Developed and managed the content calendar, created engaging content, graphic designs, and implemented a chatbot for Sir. Yan Naing Bo’s Facebook page.
" Advanced JFC သင်တန်း စက်တင်ဘာလ(၇)ရက်နေ့စပါမယ်...JFC သင်တန်းသားဟောင်းတွေအတွက် 50% Discount..."
အခုအသစ်ဖွင့်မယ့် Advanced သင်ရိုးအသစ်မှာတော့
− အရင်သင်ရိုးအဟောင်းကနေ ပြောင်းလဲသွားတဲ့ Information အသစ်
− JD အလိုက် ကိုယ့်ရဲ့ CV မှာ ဘယ်လိုနေရာတွေကို အဓိကပြောင်းလဲသင့်တာတွေ
− မျှော်မှန်းလစာအကြောင်း
− Singapore Interview Culture အကြောင်း
− Interview Standard Question & Strategy for Interview Answers နဲ့ တစ်ခြားလိုအပ်တဲ့အကြောင်းအရာမျိုးစုံကိုပါ ထပ်မံမျှဝေပေးသွားမှာဖြစ်ပါတယ်❣
အပေါ်ကအချက်တွေက သင်ရိုးသစ်မှာထပ်မံဖြည့်စွက်ထားတဲ့သင်ခန်းစာတွေဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ဒီ Advanced Job Finding Coaching ကို ဘာကြောင့်တက်သင့်လဲဆိုရင်
📌စင်ကာပူမှာအလုပ်ရဖို့နည်းလမ်းကို မှန်မှန်ကန်ကန်လမ်းကြောင်းသိသွားမယ်
📌အင်တာဗျူးမဖြေခင်၊ အင်တာဗျူးဖြေနေစဥ်နဲ့ အင်တာဗျူးဖြေပြီးတဲ့အခါ ဘာတွေပြင်ရမလဲသိသွားမယ်
📌ဒီအတန်းပြီးတာနဲ့ အလုပ်လျှောက်ဖို့ Ready ဖြစ်သွားရပါမယ်
တက်တဲ့သူတိုင်းကိုလက်ဆောင်အနေနဲ့
CV နဲ့ Professional Template တစ်ခုကို အခမဲ့ပေးသွားမယ်ခင်ဗျ။
နောက်ပြီးတော့ JFC Normal တက်ခဲ့ဖူးတဲ့သင်တန်းသားဟောင်းတိုင်း
50% အထူးခံစားခွင့်လျှော့စျေးနဲ့တက်ရောက်ခွင့်ရရှိပါမယ်
အခုမှတက်မယ့်သူတွေကိုလည်း JFC Normal Class ကို အခမဲ့ တက်ခွင့်ပေးသွားမှာပါ။
👨💻သင်ပေးမယ့်ပုံစံကတော့ Video နဲ့ဖြစ်ပြီး Virtual Zoom Session (၃)ချိန်ပါ ထပ်မံပါ၀င်ပါမယ်။
စက်တင်ဘာလ (၇)ရက်နေ့ပဲသင်တော့မှာဖြစ်ဖို့ မြန်မြန်လေးအပ်ထားလိုက်ကြပါ
JFC Normal သင်ရိုးမသိသေးသူတွေအတွက် ကွန်မန့်မှာရေးပေးထားပါမယ်
👉 Advanced JFC သင်တန်းကြေး − ၁၉၅၀၀၀ ကျပ် (🎁Free Normal JFC Class)
👉 JFC Old Students တွေအတွက် − ၉၇၅၀၀ ကျပ်
သင်တန်းမှာပြန်တွေ့ကြပါမယ်….
☎ 09788103794,09972985484,
☎ 09425768281,+6598797229
#JobFindingCoaching #JFC #Singapore #Interview #Job #Seeking #Myanmar #YanNaingBo #BIM #Modeler
" ထိုင်းကနေ စင်ကာပူလာမယ်ဆိုရင် ဘယ်လောက်ကုန်နိုင်မလဲ... "
ဒီပို့စ်လေးဟာ လက်ရှိထိုင်းနိုင်ငံမှာရောက်နေပြီး တစ်နေ့တစ်ချိန်မှာ
စင်ကာပူမှာအလုပ်လာရှာချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။
အဲ့တော့ ကုန်ကျစရိတ်အကြမ်းဖျဥ်းကို ကျွန်တော်အောက်မှာရေးပေးထားပါမယ်
ငွေစျေးကတော့ မှတ်ရလွယ်အောင် ထိုင်းဘတ်နဲ့တွက်ပေးပါ့မယ်
✈လေယာဥ်စရိတ် (One Way)
1400 – 4000 Baht
ကိုယ်သွားမယ့်ရက်မတိုင်ခင် လက်မှတ်ကြိုလက်မှတ်ဖြတ်ပါ။ စျေးသက်သာတတ်ပါတယ်
🍔🌭စားစရိတ်
Hawker Center – 140 to 200 Baht for One Meal
Coffee & Snack – 100 to 175 Baht
စင်ကာပူမှာတော့ စျေးအသက်သာဆုံးက Hawker Center မှာဖြစ်တာမို့
အသက်သာဆုံးဖြစ်မယ့်နေရာကိုတွက်ပေးထားတာပါ
🚄သွားစရိတ်
MRT – 175 to 350 Baht for One Day
သွားလာဖို့အတွက် EZ-Link card ကိုစင်ကာပူရောက်ရင်၀ယ်ထားပါ။ ပိုအဆင်ပြေပါလိမ့်မယ်
🏙နေထိုင်စရိတ်
Budget Hostel – 800 to 1500 Baht Per Night
Chinatown, Little India, Geylang တို့အနီးမှာစျေးသက်သာတာရှိပါတယ်။
အဲ့နေရာအနီးတစ်၀ိုက်ငှားရင်အဆင်ပြေပါမယ်ဗျ
အပေါ်ကစျေးတွေကတော့ ထိုင်းဘတ်နဲ့ အနည်းဆုံးတွက်ပြထားတာဖြစ်ပြီး
တစ်ရက်မှာ ကုန်ကျစရိတ် အနည်းဆုံး လေယာဥ်စရိတ်ထည့်မပေါင်းထားရင်
၁၂၀၀ ဘတ်၀န်းကျင် ကျသင့်မှာပါ။
ကိုယ်ကဘယ်နှစ်ရက်နေမလဲပေါ်မူတည်ပြီး ၊ ဘယ်လိုနေချင်တာလဲ ၊သွားချင်တာလဲပေါ်မူတည်ပြီး ကုန်ကျစရိတ်က တစ်ယောက်နဲ့တစ်ယောက်ကွဲပြားမှုရှိမှာပါ
အဲ့တော့ ကြိုပြီးတွက်လို့ရနိုင်မယ်လို့မျှော်လင့်ပါတယ်။
ဒီပို့စ်လေးက အကျိုးရှိမယ်ဆို Public နဲ့ Share ပေးဖို့မမေ့ပါနဲ့ဦး
စင်ကာပူမှာအလုပ်ရှာချင်သူတွေအတွက် စက်တင်ဘာလ (၇)ရက်နေ့မှာ
Advance Job Finding Coaching အတန်းလေးလဲရှိတာမို့
စိတ်၀င်စားသူတွေ မက်ဆေ့ကနေလာရောက်မေးမြန်းလို့ရပါတယ်။
ကျေးဇူးများကြီးတင်ပါတယ်ဗျ….
#Thai #Singapore #Job #Finding #Career #Myanmar
" စင်ကာပူမှာအလုပ်လုပ်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ "
စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းပြေးနေတဲ့နိုင်ငံတစ်ခုပါ။
အဲ့လိုနိုင်ငံမှာ အလုပ်လုပ်ဖို့ပြင်ဆင်နေတဲ့သူတွေအတွက် သိသင့်သိထိုက်တာလေးတွေအခုလိုပြောပြပေးလိုက်ပါတယ်
(၁) ဘာမှမပြင်ဆင်သေးခင် English ဘာသာစကားကို Conversation Level ရအောင်လုပ်ပါ။
မဟုတ်ရင် တစ်ခြားဟာတွေမပြင်ပါနဲ့ဦး။ အဂ်လိပ်မှမရရင် မသွားပါနဲ့လို့ပဲပြောချင်ပါတယ်။
(၂) Passport လုပ်ပါ။ Passport လုပ်ပြီးသားသူတွေအနေနဲ့လည်း အနည်းဆုံးသက်တမ်း
၆လအထက်ရှိနေမှရပါမယ်
(၃) CV ပြင်ပြီး အလုပ်လျှောက်ပါ။ ကိုယ့် CV မှာ မိမိအတွေ့အကြုံ၊ အရည်အချင်း၊ Portfolio ရှိရင် တစ်ခါတည်းတွဲထည့်ပေးပါ။
(၄) အလုပ်ရပြီဆိုတာနဲ့ အလုပ်ရှင်စီကနေ Work Pass, S Pass စသဖြင့် Visa ကိစ္စဆွေးနွေးပါ။
(၅) အဲ့တာတွေအဆင်ပြေပြီဆိုရင် သွားလာဖို့နေဖို့အတွက် ပိုက်ဆံပြင်ထားပါ။ နေဖို့က
တစ်ခါတည်း Hostel ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ် Booking တင်ထားရင်လည်းအဆင်ပြေပါတယ်
(၆) စင်ကာပူသွားပြီဆိုတာနဲ့ အနည်းဆုံး တစ်လစာအသုံးစရိတ်ကို ယူသွားဖို့လိုပါမယ်။
(၇) Singapore ရောက်တဲ့အခါ တစ်ချို့အလုပ်ရှင်တွေက ဆေးစစ်ခိုင်းလို့
ဆေးစစ်အောင်ပြီး သူတို့ပေးထားတဲ့ရက်ရောက်တာနဲ့ အလုပ်စဆင်းလို့ရပါပြီ။
ဒါကအတိုချုံး Process ကို ပြောပြပေးထားတာဖြစ်ပါတယ်။
အသုံးစရိတ်နဲ့ပတ်သက်လို့သိချင်တယ်ဆိုရင် အရင်ပို့စ်လေးမှာပြောပြပေးထားပါတယ်
စင်ကာပူမှာအလုပ်ရဖို့ ကိုယ်တိုင်အလုပ်ရှာချင်တဲ့သူတွေအတွက်
အလုပ်ရှာနည်းကိုလည်းမသိသေးရင် စက်တင်ဘာလ (၇)ရက်နေ့မှာအသစ်ဖွင့်မယ့်
Advanced JFC သင်တန်းလေးတက်လို့ရပါတယ်
စိတ်၀င်စားရင် မက်ဆေ့မှာ မေးမြန်းလို့ရပါတယ်ဗျ
ဒီပို့စ်လေးက တစ်ခုခုအကျိုးရှိမယ်ဆိုရင် ပြန်ပြီးမျှဝေသွားဖို့ မမေ့ပါနဲ့ဦး
#Preparation #job #Singapore #Myanmar #YanNaingBo


